မြန်မာနိုင်ငံတွင် ၂၄ နာရီစောင့်ကြည့်မှုဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း

မြန်မာနိုင်ငံတွင် ၂၄ နာရီစောင့်ကြည့်မှုဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း - Digital

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဟု အမည်ပေးထားသည့် မြန်မာစစ်ကောင်စီသည် နိုင်ငံအတွင်း လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အမြစ်ဖြတ်ရန် လတ်တလောအဖြစ်ဆုံး ကြိုးစားမှုအနေဖြင့် “သတင်းတု”၊ လိင် အသားပေးကိစ္စများ၊ “မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့်” မဖွယ်မရာပုံများ၊နှင့် “နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း”တို့ကိုတိုက်ဖျက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သည်။ ယင်းအမိန့်ကြော်ငြာစာ သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လူ့အခွင့်အရေးစံနှုန်းများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်းဖြစ် သလို စစ်ကောင်စီ၏ ဆင်ဆာပိတ်ဆို့ရေးလက်နက်ကို နောက်ထပ်ကိရိယာတပ်ဆင်လိုက်ခြင်း ဖြစ်သည်။ စစ် တပ်အာဏာပိုင်များ အချိန်မဆိုင်းဘဲ ယင်းအမိန့်ကြော်ငြာစာကို ရုပ်သိမ်းပြီး ကော်မတီကို ဖျက်သိမ်းရန် ARTICLE 19 မှ တောင်းဆိုသည်။ ထို့အပြင် အဆိုပါအမိန့်ကြော်ငြာစာကြောင့် လွတ်လပ်စွာထုတ်ပေါ်ပြောဆို ခွင့်အပေါ် ကျရောက်သည့် ပြင်းထန်သောခြိမ်းခြောက်မှုများ လျှော့ချရာတွင် လိုအပ်သည့် နည်းလမ်းအားလုံး လုပ်ဆောင်ကြရန်လည်း မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လည်ပတ်နေသော နည်းပညာကုမ္ပဏီများကို မိမိတို့မှ တိုက်တွန်းသည်။

“အင်တာနက်ပေါ်တွင် လိင်အသားပေးကိစ္စရပ်များ၊ သတင်းတု၊ သတင်းမှားများနှင့် နိုင်ငံရေးအရ တိုက်ခိုက် ပြောဆိုမှုများ တင်ခြင်းအပေါ် တားမြစ်အရေးယူနိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း”နှင့်ပတ်သက်သည့် အမိန့်ကြော် ငြာစာအမှတ် ၂၄၆/၂၀၂၃ (အမိန့်ကြော်ငြာစာ) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြန်ကြား ရေးဝန်ကြီးဌာနတို့ အပါအဝင် ဝန်ကြီးဌာနများစွာမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အခြားအရာများအပြင် အောက်ပါတို့ ပါဝင်သည်။

  • “သတင်းတုသတင်းမှားများ”၊ လိင်အသားပေးကိစ္စများနှင့် “နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများ” အပါအဝင် အရုပ်၊ ပုံ၊ စာစသည့် အမျိုးမျိုးသောအကြောင်းအရာများကို အင်တာနက်ပေါ်တွင် ဖြန့်ဝေ ခြင်းကို တားမြစ်ခြင်း၊
  • ယင်းအမိန့်ကြော်ငြာချက်ကို ချိုးဖောက်သည့် အကြောင်းအရာများ အွန်လိုင်းပေါ်တင်သည်ဟု စွပ်စွဲခံ ရသူများကို ၂၄ နာရီ စောင့်ကြည့်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် “တည်ဆဲဥပဒေများနှင့်အညီ” အရေးယူ ဆောင်ရွက်ခြင်း၊
  • စွပ်စွဲခံရသူများ သုံးစွဲနေသည့် ဖုန်းနံပါတ်များကိုပိတ်သိမ်းရန်၊ ဘဏ်အကောင့်များကို ယာယီတားဆီး ရန်နှင့် ငွေရေးကြေးရေး ဝယ်ယူပေးချေဆောင်ရွက်မှုများကို တားဆီးရန်အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

 

ဤအမိန့်ကြော်ငြာစာသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုဆိုင်ရာစံနှုန်းများကို ပေါ်ပေါ်တင်တင် ချိုးဖောက် သည်

မြန်မာနိုင်ငံသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးထားသည့် နိုင်ငံတကာပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)ကို ပဏာမအဆင့် သာမက၊ အတည်ပြုအဆင့်ကိုပါ လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း ARTICLE 19 မှ သတိပြုမိသည်။ သို့ရာတွင် မြန်မာသည် အပြည်ပြည် ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အခြားပြဋ္ဌာန်းပိုဒ်များ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR)က အာမခံပေး ထားသည့် ရပိုင်ခွင့်များကို လိုက်နာရန်စည်းနှောင်မှုရှိဆဲဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(ပုဒ်မ ၃၅၄)ပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အာမခံချက်များကို အဓိပ္ပာယ်ဖွင့်ရာတွင် ICCPR က လွှမ်းမိုးမှု ရှိသင့်သည်။ ဆိုလိုသည်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်တိုင်း သည် ဥပဒေနှင့်ကိုက်ညီမှု၊ တရားဆီလျော်မှု၊ အချိုးအစားညီမျှမှုနှင့် အမှန်တကယ်လိုအပ်မှု ဟူသည့် အခြေခံမူ များနှင့် ကိုက်ညီသင့်သည်။ အမိန့်ကြော်ငြာစာသည် ဤစံထားများကို နည်းလမ်းပေါင်းများစွာဖြင့် ပေါ်ပေါ်ထင် ထင် ချိုးဖောက်နေသည်။ မိမိတို့ အနည်းငယ်ကိုသာ မီးမောင်းထိုးတင်ပြမည်ဖြစ်သည်။

ပထမဦးစွာ၊ ဥပဒေနှင့်ကိုက်ညီရမည့် အခြေခံမူအရ အမိန့်ကြော်ငြာစာတွင်ပါသော ကန့်သတ်ချက်သည် စစ် ကောင်စီ၏ အုပ်ချုပ်ရေးဆိုင်ရာအမိန့်တစ်ရပ်ထက် ပုံမှန်ဥပဒေပြုရေးလုပ်ငန်းစဥ်တစ်ရပ်ကို ဖြတ်၍ ချမှတ် ထားခြင်း ဖြစ်ရန်လိုအပ်သည်။ အမိန့်ကြော်ငြာစာတွင် “သတင်းတုသတင်းမှား”၊ “နိုင်ငံရေးအရ ပြောဆိုတိုက် ခိုက်မှု” သို့မဟုတ် “မြန်မာ့ရိုးရာအစဥ်အလာယဥ်ကျေးမှု” ဟူသော အလွန်ကျယ်ပြန့်ဝေဝါးသည့် အသုံးအနှုန်း များကို သုံးစွဲထားသလို ချိုးဖောက်သည်ဟုစွပ်စွဲခံရသူများကို အရေးယူရာတွင် ကော်မတီက “သက်ဆိုင်ရာ ဥပဒေများ”ကို အသုံးပြုသွားမည်ဟု ဖော်ပြထားသည်။ အဆိုပါ “သက်ဆိုင်ရာဥပဒေများ”ဆိုသည်မှာ လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်သည်ဟု ARTICLE19 က ရှုမြင်ထားသည့် ၂၀၁၇ တွင်ပြင်ဆင်သော ဆက်သွယ်ရေးဥပဒေ၂၀၂၁ ခုနှစ်တွင် ပြင်ဆင်သော အီလက်ထရွန်းနစ်ဆက်သွယ်ဆောင် ရွက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေတို့ကို ရည်ညွှန်းဖွယ်ရှိသည်။

ဒုတိယအချက်အနေဖြင့်၊ အမိန့်ကြော်ငြာစာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ သည် ကြောင်းကျိုးခိုင်လုံသင့်မြတ်ကြောင်းပြနိုင်သည့် တရားဆီလျော်သောရည်ရွယ်ချက်ကို မရှေးရှုဘဲ ကာ ကွယ်ပေးရမည့်ထုတ်ဖော်ပြောဆိုမှုများကို တားမြစ်ရာတွင် အသုံးပြုနိုင်နေသည်။ အထူးသဖြင့် “သတင်းတု” သည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ အဓိပ္ပာယ်ဖွင့်ထားသော စကားရပ်တစ်ခု မဟုတ်သလို အချက် အလက်မှားခြင်းသက်သက်သည် ယင်းကဲ့သို့သော သတင်းအချက်အလက်ကို တားမြစ်ရန်အတွက် တရားဆီ လျော်သောသော အခြေခံ အကြောင်းရင်းတစ်ရပ် မဟုတ်နေပါ။ အလားတူစွာ “မြန်မာ့ရိုးရာအစဥ်အလာ ယဥ်ကျေးမှု”နှင့် မကိုက်ညီသော အကြောင်းအရာများနှင့် “နိုင်ငံရေးအရ ပြောဆိုတိုက်ခိုက်မှု” ဆိုသည်မှာ အလွန် ပုဂ္ဂလဓိဋ္ဌာန်ဆန်ပြီး အကန့်မသတ်မရှိလောက်အောင် ချဲ့ထွင်နိုင်ဖွယ်ရှိသည့် အမျိုးအစားများ ဖြစ်သည်။ လက်တွေ့တွင် ပြည်သူများသည် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမခံရစေရန် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာပိတ်ဆို့ခြင်း သို့မဟုတ် ဥပဒေကြောင်းအရ တာဝန်မခံရစေရန် အပိတ်သဘောထားသည့် ဆက်သွယ် ရေးဆိုင်ရာပလက်ဖောင်းများကိုပင် အသုံးပြုခြင်းဘက်ကို လိုအပ်သည်ထက် ပိုပိုအလေးထားအာရုံစိုက်လာကြ မည်ဖြစ်သဖြင့် လက်တွေ့တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးလိုမှုအပေါ်ရိုက်ခတ်သော အဟန့် အတားဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် “လိင်အသားပေးကိစ္စများ”ဟူသော အမျိုးအစားကိုလည်း နိုင်ငံ တကာလူ့အခွင့်အရေးဥပဒေအရ ကာကွယ်ပေးထားသည့် အရာများအား ဦးတည်ပစ်မှတ်ထားရန်အတွက် ကျယ်ပြန့်စွာ အနက်ဖွင့်ဆိုနိုင်သည်။ ဥပမာ ညစ်ညမ်းနှင့် လိင်အသားပေးဆိုင်ရာ ဥပဒေများက သမိုင်းတ လျှောက် ပစ်မှတ်ထားလာခဲ့သည့် လိင်တူချင်းစုံမက်မှုအပေါ် ခွဲခြားဆက်ဆံမှု ပြုလုပ်ရန် အနက်ဖွင့်နိုင်သည်။

ခွဲခြားဆက်ဆံမှု၊ ရန်လိုမုန်းထားမှု သို့မဟုတ် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်အားပေးသည့် အမုန်းစကား မြောက်သော ကလေးသူငယ်အပေါ်လိင်ခေါင်းပုံဖြတ်သည့် အကြောင်းအရာများနှင့် သတင်းအချက်အလက်အ တုများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တားမြစ်ပိတ်ပင်ကောင်းပိတ်ပင်နိုင်သည့်တိုင် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည့် ကျယ်ပြန့်သောအကြောင်းအရာအမျိုးအစားများသည် အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက် ညီပါ။ အချုပ်အားဖြင့် “သတင်းတုများ”၊ “မြန်မာ့ရိုးရာအစဥ်အလာယဥ်ကျေးမှု”နှင့်မကိုက်ညီသည့် မဖွယ်မရာ ပုံများနှင့် “နိုင်ငံရေးအရပြောဆိုတိုက်ခိုက်မှုများ”ကို တားမြစ်ခြင်းသည် နိုင်ငံအတွင်း အံတုဖီဆန်မှုများကို နှိပ် ကွပ်ရန်နှင့် အတိုက်အခံအားလုံးကို နှုတ်ဆိတ်စေရန် နောက်ထပ် နည်းလမ်းတစ်ရပ်ဖြစ်သည်မှာ မလွဲမသွေပင် ဖြစ်သည်။

တတိယအနေဖြင့်၊ အမိန့်ကြော်ငြာစာတွင် ပါရှိသည့် နည်းပညာကျွမ်းကျင်သည့်ပညာရှင်များပါဝင်သော အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း၍ “အင်တာနက်”ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်မည်ဆိုသော အချက်သည် မြန်မာနိုင်ငံအတွင်း ကိုယ့်ကိုယ်ကိုယ်ဆင်ဆာပိတ်ဆို့မှု ပိုဖြစ်လာစေရေးကို ဦးတည်စေမည့် အမှန်တကယ်မလိုအပ်သလို အချိုး အစားမညီမျှသော လုပ်ဆောင်မှုတစ်ရပ် စင်စစ် ဖြစ်သောကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ထပ်မံ ပိတ်ဆို့စေမည် ဖြစ်သည်။

စတုတ္ထအချက်အနေဖြင့်၊ အမိန့်ကြော်ငြာစာကို ချိုးဖောက်သူဟု စွပ်စွဲခံရသူများ၏ ဖုန်းနံပါတ်ကို ပိတ်သိမ်းခြင်း သို့မဟုတ် ၎င်း၏ဘဏ်အကောင့်ကို ယာယီတားဆီးခြင်းကဲ့သို့ စွက်ဖက်ကျူးကျော်မှု အလွန်မြင့်သည့် အစီ အမံများကို မည်သည့်တရားရုံး၏ အမိန့်မျှမလိုဘဲ၊ ဤအစီအမံများနှင့် မေးခွန်းထုတ်ခံရသည့် ထုတ်ဖော်ပြော ဆိုမှုဆိုင်ရာ ပြစ်မှုများကြား ထင်ရှားသော ဆက်နွှယ်မှုမရှိဘဲ ချမှတ်နိုင်နေသည်။

ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ရပိုင်ခွင့်ကို လွတ်လပ်စွာကျင့်သုံးရုံသက်သက်အတွက် တရားစွဲခံရနိုင်သည် ဆိုသောအချက်ကို သိရှိထားစေရန် “ပြည်သူလူထုသိရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများ”ဟု နာမည် လှလှတပ်ထားသည့် အကြောက်တရားဖြန့်မည့်လုပ်ငန်းများလုပ်ရန် အမိန့်ကြော်ငြာစာတွင် ပါရှိသည်မှာ လည်း အထူး စိတ်ပျက်ဖွယ်ရာဖြစ်သည်။

ထို့ကြောင့် ARTICLE19 မှ စစ်တပ်အာဏာပိုင်များအား အချိန်မဆိုင်းဘဲ ယင်းအမိန့်ကြော်ငြာစာကို ရုပ်သိမ်းရန် နှင့် ကော်မတီကို ဖျက်သိမ်းရန် တိုက်တွန်းသည်။

 

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မည့် ဖြစ်နိုင်ခြေရှိသော နည်းလမ်းအားလုံးကို နည်းပညာ ကုမ္ပဏီအားလုံးမှ ဆောင်ရွက်ရမည်

မြန်မာနိုင်ငံအတွင်း စီမံလည်ပတ်နေသော နည်းပညာကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂလမ်းညွှန်မူဝါဒများ(UNGPs) နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး များကို လေးစားရန် လိုအပ်သည်။ နိုင်ငံက ၎င်း၏ဝတ္တရားကို လျစ်လျူရှုထားပြီး ပြည်တွင်းဥပဒေများ သို့မ ဟုတ် အမိန့်များက နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် မလျော်မညီ ဖြစ်နေချိန်တွင်ပင် ယင်းကဲ့သို့သော ဆောင်ရွက်မှုများ၏ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးဆိုင်ရာ ရိုက်ခတ်မှုများ နည်းသထက်အနည်းဆုံးဖြစ်စေရန် ကုမ္ပဏီများက နည်းလမ်းရှာဖွေသင့်သည်။

သာမန်အားဖြင့် ARTICLE19 သည် အရေးယူဆောင်ရွက်မှုများ အားတက်သရောပြုလုပ်ရန် လူ့အခွင့်အရေးချိုး ဖောက်သည့်တောင်းဆိုမှုများ ပြုလုပ်နေသည့် အစိုးရနှင့် ရင်ဆိုင်နေရသော ကုမ္ပဏီများကို အကြံပေးလေ့ရှိ သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ညံ့ဖျင်းသောမှတ်တမ်းရှိပြီး အမှီအခိုကင်းသည့်တရားစီရင်ရေး ကင်းမဲ့သည့် နိုင်ငံများတွင်ပင် ထုတ်ပြန်မိန့်များအတွက် ဥပဒေနှင့်အညီ ကြောင်းကျိုးခိုင်လုံကြောင်း ရှင်းရှင်းလင်းလင်းပြသရန် တောင်းခံခြင်းနှင့် အာဏာပိုင်များကို စောဒကတက်ရန် ဥပဒေလမ်းကြောင်းအားလုံးကို စူးစမ်းလေ့လာခြင်းတို့သည် ယင်းအကြံပေးလုပ်ငန်းတွင် ပါဝင်သည်။ ကုမ္ပဏီ များသည် အစိုးရ၏တောင်းဆိုချက်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိပြီး တောင်းဆိုမှုများအတွက် အ ကြောင်းအရာအမျိုးအစားအသေးစိတ်နှင့် တုံ့ပြန်လုပ်ဆောင်သည့် အရေးယူမှုတို့ကို အသေးစိတ် ဖော်ပြပေး သင့်သည်။

သို့သော် မြန်မာနိုင်ငံတွင်အသစ်ဖွဲ့လိုက်သည့် ကော်မတီသည် အဆိုပါ အမိန့်ကြော်ငြာစာ သို့မဟုတ် ယင်း အမိန့်တွင် ရည်ညွှန်းထားသည့် အခြား “တည်ဆဲဥပဒေများ”ပေါ်တွင် အခြေခံပြီး နည်းပညာကုမ္ပဏီများကို တောင်းဆိုချက်များလုပ်ဆောင်လာမည်ဆိုပါက ဥပဒေအရ ကြောင်းကျိုးခိုင်လုံကြောင်းပြရန် တောင်းဆိုခြင်း သို့မဟုတ် မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်အပေါ်သာ နောက်ဆုံးပုံအပ်လိုက်ခြင်းသည် အချည်းနှီးသာဖြစ် လိမ့်မည်ဟု ARTICLE19 မှ ယုံကြည်သည်။ မိမိတို့အနေဖြင့် အဆိုပါ ရပ်တည်ချက်ကို ပေါ့ပေါ့တန်တန် သဘော မထားပါ။ သို့သော် နိုင်ငံ၏ ချောက်နက်တွင်းကျနေသော လူ့အခွင့်အရေးမှတ်တမ်းများနှင့် ဖြစ်လာဖွယ်ရှိသော အစိုးရ၏တောင်းဆိုချက်များကို ပြန်လည်စိန်ခေါ်နိုင်စရာ နည်းလမ်းပေးနိုင်သည့် ဥပဒေစနစ် သို့မဟုတ် အမှီ အခိုကင်းတရားစီရင်ရေးစနစ်တခုတို့ ကင်းမဲ့နေချိန်တွင် ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများ၏လုံခြုံရေးကို ထည့်သွင်းစဥ်းစား၍ မည်သည့်အမိန့်မျှ မလိုက်နာနိုင်ကြောင်း ငြင်းဆိုသင့်သည်။ သို့မဟုတ်ပါက ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ၎င်းတို့လည်း အလိုတူအလိုပါ ဖြစ်လာနိုင် ခြေ မြင့်မားနေသည်။

နိုင်ငံအတွင်း လည်ပတ်နေသော ISP များနှင့် ဆက်သွယ်ရေးကုမ္ပဏီများကို စစ်အုပ်စုက ထိန်းချုပ်ထားပြီး စစ် ကောင်စီ၏အမိန့်ထုတ်မှုများကို မည်သည့် အမူအရာပုံသဏ္ဌာန်နှင့်မျှ ပြန်လည်အံတုရန် မဖြစ်နိုင်သလောက် နည်းပါးသည်ကို မိမိတို့ သိရှိနားလည်ပါသည်။ သို့သော် ၎င်းတို့သည် အနိမ့်ဆုံးအဆင့်အနေဖြင့် စစ်ကောင်စီ ထံမှ ရရှိသော တောင်းဆိုချက်တိုင်းနှင့် တုံ့ပြန်ရာတွင် ဆောင်ရွက်သည့် အဆင့်များနှင့်ပတ်သက်၍ အသုံးပြု သူများထံ ပိုမို ပွင့်လင်းမြင်သာမှုရှိသင့်သည်။

 

အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် ပိုမိုအားကောင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာအရေးယူမှုများကို မိမိတို့ တောင်းဆို သည်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာကာလအတွင်း ဖြစ်နိုင်ခြေရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုများ အပါအဝင် ပြင်း ထန်သော အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးနှင့်နှီးနွှယ်သော ရက်စက်ကြမ်းကြုတ်မှုများမှာ ထင်ရှားခဲ့သည်။ ARTICLE19 ၏ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စိတ်ပျက်ဖွယ် အဆင့် ၁၅၆ တွင် ရပ်တည်ကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုဆိုင်ရာ အကျပ်အတည်းကို ညွှန်ပြနေသည်။ ၂၀၂၃ ခုနှစ် Freedom on the Net အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံသည် အမှတ် ၁၀၀ တွင် ၁၀ မှတ်သာ ရရှိထားသည်။ သည်းခံ၍မရသော ဤလူ့အခွင့်အရေးအခြေအနေကို အဆုံးသတ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းသည် စစ်တပ်အပေါ် ဖိအားပိုပေးရမည် ဖြစ်သည်။ စစ်ကောင်စီက နေ့စဥ်ကျူးလွန်နေသည့် ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ICT ကုမ္ပဏီများ အလိုတူအလိုပါ မဖြစ်စေရေး ICT ကုမ္ပ ဏီများအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အတွင်း ရနိုင်သမျှ​ အရာအား လုံး လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ဖိအားပေးရမည်။

Posted In