မြန်မာ၊ ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေမူကြမ်း

ARTICLE 19 က အသစ်ရွေးကောက်တင်မြှောက်ခံရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မြန်မာနိုင်ငံတွင် ဆန္ဒဖေါ်ထုတ်ခြင်းဆိုင်ရာဥပဒေပြင်ဆင်ရေးစတင်ဆောင်ရွက်မှုကိုကြိုဆိုလိုက်ပါသည်။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူ ကြမ်းကို လွှတ်တော်သို့မြန်ဆန်စွာတင်သွင်းလိုက်ခြင်းသည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နှင့် လွတ်လပ် စွာစု ဝေးခွင့်ကို သိသိသာသာ ကန့်သတ် ထားသောဥပဒေကိုပြင်ဆင်လိုသည့်အစိုးရ၏ လိုလားသော အချက်ဖြစ်ကြောင်း လည်းသိသာစေသည်။

 

ထိုကာလအတွင်းမှာပင် ကျွန်ပ်တို့အနေဖြင့် အစိုးရအား ထိုဥပဒေကြမ်းကိုခေတ္တရပ်ဆိုင်းထားပြီး လွှတ်တော်သို့မတင်သွင်းမှီအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန်ပြန့်ဆွေးနွေးညှိနိုင်းရန် တိုက်တွန်းပါသည်။ အထူးသဖြင့် ဆွေးနွေးမှုသည် ယခင်အတိုင်းဆန္ဒပြသူများကိုဆက်လက်ဖိနှိပ်ခွင့်ကို ဥပဒေတွင်အခွင့်ပေးထားမထားနှင့်မည်မျှအထိဆောင်ရွက်မည်ကို အကဲဖြတ်စေသင့်သည်။ ARTICLE 19 ကအထူးသဖြင့်လက်ရှိဥပဒေတွင် အောက်ပါအချက်များအားစိုးရိမ်ပူပန်မှုရှိသည်

  • ဒီမိုကရေစီလူ့ဘောင်တွင်မလိုအပ်သောပြဌာန်းချက်များပါဝင်နေခြင်း
  • ဥပဒေကိုရှင်းလင်းပြတ်သားစွာရေးသားထားခြင်းမရှိသလိုအဓိပ္ပာယ်အမျိုးမျိုးထွက်စေသောပြဌာန်း ချက်များပါဝင်နေခြင်း
  • ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်သူများအားရာဇဝတ်မှုမြောက်စေပြီး ထောင်ဒဏ်အပြစ်ပေး ခြင်းများ ပါဝင်နေခြင်း

ဥပဒေကြမ်းသည် ၂၀၁၄ခုကပြင်ဆင်ခဲ့သော ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် အခွင့်အ ရေးမှရှေ့သို့တစ်လှမ်းတိုးလိုက်ခြင်းပင်ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း ယင်းတွင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း၊ မသဲကွဲသောပြဌာန်းချက်များပါရှိနေဆဲဖြစ်သဖြင့် ARTICLE 19 အဖွဲ့အနေဖြင့် ၂၀၁၄ခု ခု ဥပဒေအပေါ်တွင်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့သည်၊ထို့ပြင် ၂ နှစ်ကာလအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူ

လူပေါင်း ရာချီပြီး ရာဇဝတ်မှုဖြင့်စွဲဆိုပြီးထောင်ချ ခဲ့သည်။

ARTICLE 19 က အကြံပြုထောက်ခံ တင် ပြလိုသည်မှာ အစိုးရသည်-

  • ●          ဥပဒေကြမ်းကိုလွှတ်တော်သို့တင်သွင်းခြင်းလုပ်ငန်းစဉ်ကိုခေတ္တရပ်နားပြီး အရပ်ဘက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ဥပဒေပြင်ဆင်ရေးကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအကြံညဏ်ရယူရန်။ ယင်းအကြံ ဥာဏ်ရယူခြင်းတွင် အထူးသဖြင့် ဥပဒေကြမ်း၏ပြဌာန်းချက်များမှအမျိုးမျိုးကွဲပြားသွားနိုင်ချေ၊ ဒီမိုကရေစီတွင် လိုအပ်ချက်ကိုစမ်းသပ်ခြင်းနှင့် လိုရာဆွဲ အသုံးပြုနိုင်ချေရှိမရှိစသည်တို့ကို စဉ်းစား သင့်ပေသည်။ အကြံဥာဏ်ရယူခြင်းကို ငြိမ်းချမ်းစွာစုဝေးခွင့်စည်းရုံးခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် အထူးတရားစီရင်ရေးနှင့်ခုံသမာဓိစီရင်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တို့က ထုတ်ပြန်သော  “ စုဝေးခြင်းဆိုင်ရာအတွက် လက်တွေ့ သဘော ဆောင် သည့် ပူးတွဲထောက်ခံမှုများ” ၏လမ်းညွှန်မှုဖြင့်ဆောင်ရွက်သင့်သည်။  ၁
  • ဆန္ဒဖေါ်ထုတ်သည့်ကာလအတွင်း မည်မျှရာဇဝတ်မှုမြောက်သော အပြုအမူများပြုမူခဲ့သနည်းဆိုသည် ကိုစဉ်းစားစေလိုသည်။ ပုံစံအားဖြင့် ဆန္ဒပြစဉ် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းသို့မဟုတ် အကြမ်း ဖက်ခြင်းများ စသည်တို့အတွက် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခြင်းဆိုင်ရာ သီးသန့်ဥပဒေဖြင့် အရေးယူခြင်းထက် အထွေထွေသော ရာဇဝတ်မှုများကို အရေးယူဆောင်ရွက်သော ရာဇဝတ်မှုဆိုင်ရာဥပဒေ များဖြင့်သာ  ရဲအဖွဲ့ကဆောင်ရွက် အရေးယူ ဆောင်ရွက်သင့်သည်။ ထိုအချက်ကို အခြေခံစဉ်းစားပြီး ဥပဒေကြမ်းကိုပြင်ဆင်ဖြည့်စွက်သင့်သည်။
  • နိုင်ငံတကာအရပ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကိုလက်မှတ်ရေး ထိုးခြင်း၊ယင်းကိုမြန်မာအစိုးရက ၂၀၁၅ခု နိုဝင်ဘာလ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ  Universal Periodic Review (UPR) တွင် အတည်ပြုလက်မှတ်ရေးထိုးရန်သဘောတူ ကြောင်းကိုလက်ခံခဲ့ပြီးဖြစ်သည်။ ထိုကာလအတွင်း  နိုင်ငံတကာလူ့အခွင့်အရေး စနစ်များနှင့်ပိုမို ထဲထဲဝင်ဝင် စတင်ပါဝင်ဆောင်ရွက်လာသင့်သည်။ ဥပမာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စုရုံးခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုမြန်မာနိုင်ငံသို့ဖိတ်ကြားပြီး ယခုဥပဒေကြမ်းအားပြင်ဆင်ခြင်း လုပ်ငန်းတွင် ထောက်ပံ့မှုပေးစေလိုသည်။

အောက်ပါအခန်းတွင် ARTICLE 19 က ဤဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး နိုင်ငံတကာလူ့အခွင့်အရေးစံ နှုန်းများအပေါ်တွင်အခြေခံသည့် ရည်ညွှန်းတင်ပြချက်များနှင့်အတူ ဦးစားပေး စဉ်းစာဘွယ်ရာများကို မီးမောင်း ထိုးပြလိုက်ပါသည်။.

ကျွန်တော်တို့ရဲ့ခွဲခြမ်းစိတ်ဖြာကဒီမှာဖတ်ပါ။.