မြန်မာပြည်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆော်သြလှုံ့ဆော်မှုလုပ်ငန်း လမ်းညွှန်

မြန်မာပြည်အတွက်  လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆော်သြလှုံ့ဆော်မှုလုပ်ငန်း လမ်းညွှန် - Civic Space

အာတီကယ် ၁၉ သည် ဒီမိုကရေစီ၏   အခြေခံလူ့အခွင့်အရေးဖြစ်သော သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် စည်းရုံးလှုံ့ဆော်မှုပြုသော နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သည်။ လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်သည်  ဒီမိုကရေစီအတွက် ပင်မအခွင့်အရေးဖြစ်ပြီး၊ အခြားအရေးကြီးသော ဒီမိုကရေစီ ၏ အစိတ်အပိုင်းများနှင့် အခြားအခွင့်အရေးများကိုလည်း ကာကွယ်ပေးသည်။

အာတီကယ် ၁၉ ကို ၁၉၈၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ယင်းအမည်ကို အပြည်ပြည်ဆိုင်ရာအခွင့် အရေး ကြေငြာစာတမ်း အပိုဒ် ၁၉ မှ ရယူထားခြင်းဖြစ်သည်။ မိမိတို့အဖွဲ့သည် လက်ရှိကာလတွင် လူ့အခွင့် အရေး၊ သတင်းအချက်အလက် လွတ်လပ်စွာရရှိခွင့်၊ ဒီမိုကရေစီပြောင်းလဲမှု၊ မီဒီယာ၊ အမျိုးသမီး အခွင့်အရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများအတွက် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့ ၉၀ ကျော်နှင့် တက်ကြွှစွာ ပူးပေါင်းဆောင်ရွက်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် မြန်မာပြည်သူ့ညွှန့်ပေါင်းအဖွဲ့ကို ပညာရှင်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ သတင်းစာဆရာများ၊ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများ၊ ရှေ့နေများ၊ နိုင်ငံရေး တက်ကြွှလှုပ်ရှားသူများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ နယ်ပယ်အရပ်ရပ်မှ ကိုယ်စားလှယ်များစုစည်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ မိမိတို့အဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူခွင့်ကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ပြီး၊ အပြောင်းအလဲ ဖြစ်ပေါ်လာစေရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကာ ရှင်းလင်းသော အကြံပြုချက်များ တင်ပြသွား ရန်ဖြစ်သည်။ ဤညွှန့်ပေါင်းအဖွဲ့ကို ၂၀၁၃ ဒီဇင်ဘာတွင် ချောင်းသာ၌ ဖွဲ့စည်းခဲ့သည်။

ဤလမ်းညွှန်က သင့်ရည်မှန်းချက်ကို ထုတ်ဖော်သတ်မှတ်ရန်၊ ဖြစ်ပေါ်နေသောအခြေအနေကို သုံးသပ်နိုင်ရန်၊ ယင်းအခြေအနေတွင် ပါဝင်ပတ်သက်နေသူများကို ဖော်ထုတ်သတ်မှတ်ရာတွင် အထောက်အကူပြုမည်ဖြစ်ပြီး၊ သင့်လုပ်ငန်းစဉ် တစ်ခုလုံးကို စောင့်ကြည့်သုံးသပ်ရန်နှင့် အကဲဖြတ်ရာတွင် အထောက်အကူပြုဖြစ်စေနိုင်သည်။.

မြန်မာပြည်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆော်သြလှုံ့ဆော်မှုလုပ်ငန်း လမ်းညွှန်.

Posted In