Article 19 မှထုတ်ဝေထားသော “ Hate Speech” လက်စွဲစာအုပ်ကို မြန်မာဘာသာဖြင့် Article 19 Myanmarမှ ထုတ်ဝေခြင်း

 

“ အမုန်းစကား” ရှင်းပြခြင်းလက်စွဲစာအုပ်ကို Article 19 Myanmarမှကြီးမှူးကာ မတ်လ ၂၁ ရက်နေ့တွင် ဘာသာပြန် ရေးသားထုတ်ဝေခဲ့ပါသည်။   ဤစာအုပ်ကို လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခြင်းနှင့် တန်းတူညီမျှမူတို့ကို မထိပါးစေရန်အတွက် ရည်ရွယ်ကာ Article 19 အဖွဲ့ မှ ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်တွင် အမုန်းစကားကို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ခြင်း၊ အမုန်းစကားပြောဆိုမူ ပြင်းထန်ခြင်းအဆင့်များအား သတ်မှတ်ခြင်း စသည်တို့ ပါဝင်ပါသည်။ ဤစာအုပ်ကို လူ့အခွင့်အရေးနယ်ပယ်တွင် လက်ရှိလုပ်ဆောင်နေသော မူဝါဒများအပေါ် အခြေပြု ပြီး ရေးသားထားခြင်းဖြစ်သည်။

ဤစာအုပ်ဖြစ်မြောက်ရေးကို Article19အဖွဲ့ မှ ဦးစီးမှုပြုပြီး Harmony Working Group အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအတွင်းရှိ ဘာသာပြန်ပညာရှင်များ၊လူ့အခွင့်အရေးလူပ်ရှားသူများ၊ ဥပဒေပညာရှင်များက ပူးပေါင်းပါဝင်အားဖြည့်ကာ The Department of Foreign Affairs ၊ Trade and Development Act (DFAT) – Canada Government ၊ Dutch Ministry of Foreign Affairs (DFA) ၊ The Foreign and Commonwealth Office (FCO)တို့မှ ပံ့ပိုးထားပါသည်။

“ အမုန်းစကား” ရှင်းပြခြင်းလက်စွဲစာအုပ်ကို ဖတ်ရှုပါ။