ထုတ်ပြန်ကြေငြာချက်

မြန်မာ။ ။ အများပြည်သူ ၀န်ဆောင်မှုမီဒီယာရှိရန် လိုအပ်နေသော်လည်း တင်သွင်းထားသော မီဒီယာ ဥပဒေကြမ်း မပြည့်စုံ။

staff image

ARTICLE 19

26 Jun 2013

Share
Print Text only

This content is available in: English, French


image

လွတ်လပ်ပြီး ဘက်လိုက်မှုကင်းသော၊ မျှတပြည့်စုံသော သတင်းအချက်အလက်များနှင့် ဗဟု အတွေးအမြင် သဘောတရားများ ကိုမြှင့်တင်ပေးသော အများပြည်သူဝန်ဆောင်မှု မီဒီယာစစ်စစ် အရေးတစ်ကြီး လိုအပ်နေပါသည်။ အကယ်၍ လက်ရှိမီဒီယာ ဥပဒေကြမ်းကို စတင်အကောင် အထည်ဖော်မည်ဆိုပါက အစိုးရကသာ မီဒီယာကို ထိန်းချုပ်လိုနေခြင်းနှင့် တိုင်းရင်းသား လူနည်းစုများအတွက် လိုအပ်သော မီဒီယာဝန်ဆောင်မှုကိုဆက်လက် လျစ်လျှရှု နေသည်ကို ၀မ်းနည်းဖွယ် ဆက်လက်တွေ့ရှိရမည်။ အာတီကယ် ၁၉သည် မီဒီယာနှင့် စပ်လျဉ်း အရေးကြီး သည့်ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ပြီးမှသာ ဥပဒေကိုကျင့်သုံးရန် လွတ်တော်သို့ တိုက်တွန်းထားသည်။

မီဒီယာဥပဒေကြမ်းကို ဇွန်လကုန်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ လွတ်တော်တွင် အတည်ပြု တင်သွင်းရန် အချိန်သတ်မှတ်ထားပြီးဖြစ်သည်။ ဤမီဒီယာဥပဒေကြမ်းအရ နို်င်ငံပိုင်သတင်းစာ၊ရေဒီယို၊ ရုပ်မြင်သံကြားများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲဖွဲ့စည်းရုံသာမက၊ အဖွဲ့အစည်း ဖွဲ့စည်းတည်ဆောက်ပုံ၊ စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့များကိုပါ ပြောင်းလဲ အကောင်အထည် ဖေါ်ဆောက်ရွက်သွားမည်ဖြစ်သည်။

အာတီကယ်၁၉သည် ဤသို့နိုင်ငံပိုင်မီိဒီယာမှ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲဖွဲ့စည်း သောဖြစ်စဉ်ကိုထောက်ခံအားပေးသော်လည်း၊ မြန်မာသတင်းစာကောင်စီကဲ့သို့သော အဖွဲ့အစည်းများက လက်ရှိဥပဒေကြမ်းအပေါ် စိုးရမ်မှုများရှိနေသည်။

အာတီကယ် ၁၉သည် နိုင်ငံပိုင်မီဒီယာကို အများပြည်သူဝန်ဆောင်မှုမီဒီယာ အဖြစ်ပြုပြင်ပြောင်းလဲမှု၊ မီဒီယာကဏ္ဍတွင် အများပြည်သူပါဝင်မှုနှင့် အများပြည်သူဝန်ဆောင်မှုမီဒီယာကို စီမံကွပ်ကဲမည့် နည်းလမ်း များကို ပြည်သူများအကြား ဆွေးနွေးအဖြေရှာရန် ရပ်တည်ပေးသည့် အဖွဲ့ဖြစ်သည်။ ကျနော်တို့သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ ကမ္ဘာတစ်ဝမ်းရှိအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာဥပဒေနှင့် အဖွဲ့အစည်းများကို နိုင်ငံတကာစံချိန်စံညွန်းများနှင့် ကိုက်ညီမှုရှိရန်နှင့် အလေ့အကျင့်ကောင်းများ ရှိလာရန်သာမက ထုတ်လွင့်မှုဆိုင်ရာစံပြမီဒီယာဥပဒေ အဖြစ် တိုးတက်ကောင်းမွန်လာအောင် လှုံ့ဆော် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

နိုင်ငံတကာ မီဒီယာစံချိန်စံညွန်းများသည် အများပြည်သူဝန်ဆောင်မှုနှင့် လူမှုအဖွဲ့အစည်း မီဒီယာကို အားပေးထောက်ခံသည်။

အစိုးရတိုင်းသည် လွတ်လပ်စွာထုတ်ထော်ဖော်ပြောဆိုခွင့်ကို နိုင်ငံတကာစံချိန်စံညွန်းနှင့် အညီ ပိတ်ပင်တားဆီးခြင်း မပြုလုပ်သင့်သည်သာမက၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် ပိုမိုတိုးမြှင့်လာစေရန် လိုအပ်သော အပြုသဘောဆောင်သည့်လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်သည်။

အစိုးရတိုင်းသည် မတူကွဲပြားသော၊ လွတ်လပ်သော မီဒီယာပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် မီဒီယာ ကဏ္ဍကိုပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် အများပြည်သူများ သိသင့်သိထိုက်သည့် အခွင့်အရေးကို ဖြည့် ဆီးပေးရန် တာဝန်ရှိသည်။

မီဒီယာလွတ်လပ်ခွင့် ပိုမိုမြှင့်တင်ရန် အစိုးရအသီးသီး၏ အပြုသဘောဆောင်သည့် တာဝန်ဝတ္တရားများမှ အရေးကြီးသောအစိတ်အပိုင်းသည် ဗဟုဝါဒနှင့် မတူကွဲပြားမှု သဘောတရားဖွံ့ဖြိုးသော မီဒီယာပတ်ဝန်းကျင် ပေါ်ထွက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ လူတစ်ဦးချင်းစီအနေဖြင့် တန်းတူညီမျှစွာ မီဒီယာဝန်ဆောင်မှု၏ အကျိုးခံစားခွင့် ရှိစေရန်ဖြစ်သည်။ နိုင်ငံတကာမီဒီယာ ဆိုင်ရာစံနှုန်းသတ်မှတ်ချက် များနှင့် ဥပဒေများတွင် ဗဟုသဘောဆောင်သော၊ မတူကွဲပြားသော လူမှုပတ်ဝန်းကျင်ရှိခြင်းကို ပိုမို နားလည်လက်ခံလာရန်မှာ အများပြည်သူဝန်ဆောင်မှု မီဒီယာ၏ကဏ္ဍသည် အရေးကြီးကြောင်း ဖေါ်ပြထားသည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်စာတမ်းအများစုတွင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော်လည်း ဤနိုင်ငံတကာမီဒီယာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်နှင့် ဥပဒေများတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဒီမိုကရေစီမြှင့်တင်ရာတွင် အများပြည်သူ ၀န်ဆောင်မှုမီဒီယာကို အသုံးပြုပုံနှင့် ၎င်း၏ နက်ရှိုင်းမှု အမြင်သဘောကို  ဖော်ပြထားသည်။

အများပြည်သူ ၀န်ဆောင်မှုမီဒီယာကဏ္ဍ၏ ရေးကြီးသည့် အစိတ်အပိုင်းသည် မျှတပြီး လူတိုင်းသိရှိနိုင်သော သတင်းနှင့် လက်ရှိ နိုင်ငံတကာရေးရာ အစီအစဉ်များ ကိုဖေါ်ပြရန်ဖြစ်သည်။ ထို့အပြင် ဤကဏ္ဍသည် စီးပွားဖြစ်မဟုတ်သောကြောင့် ပုဂ္ဂလိကမီဒီယာများ လျှစ်လျူရှု့ထားလေ့ရှိသည့်  ကလေးများနှင့် သက်ဆိုင်သော အစီအစဉ်၊ ဒေသအလိုက်သတင်း၊ ဝေးလံသောဒေသမှ သတင်းများနှင့် လူနည်းစုများနှင့် သက်ဆိုင်သော အစီအစဉ်များ ကိုဖေါ်ပြပေးသည်။

လုပ်ငန်းဆောင်တာများကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် အများပြည်သူ ၀န်ဆောင်မှုမီဒီယာကဏ္ဍသည် ၁။အစိုးရနှင့်နိုင်ငံရေး လွမ်းမိုးမှုအနှောင်အဖွဲ့မှ ကင်းလွတ်နေယုံသာမက၊ အများပြည်သူရှေ့မှောက်တွင် တာဝန်ခံမှုရှိနေရမည်၊ ၂။အများပြည်သူဝန်ဆောင်မှုအတွက် ရှင်းလင်းသော လုပ်ငန်းဆောင်တာများကို ပြဌာန်းထားရမည်၊ ၃။ ဆုံးဖြတ်ချက်များကိုချရာတွင် ချီတုံချတုံမဖြစ်စေပဲ မှန်မှန်ကန်ကန် ချနိုင်ရန် တည် ငြိမ်သော ရံပုံငွေလည်ပတ်မှုစံနစ် ရှိရမည်၊ စသဖြင့် ယန္ဒယားများကို တည်ဆောက်ကာ စီမံကွပ်ကဲရမည်။

မီဒီယာဥပဒေကြမ်း၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ။

လက်ရှိတင်သွင်းထားသော မီဒီယာဥပဒေကြမ်းသည် အများပြည်သူဝန်ဆောင်မှု မီဒီယာကောင်စီမှ အုပ်ချုပ်၍ ၎င်း၏အောက်တွင် အောက်ပါဌာနနှစ်ခုများမှ သက်ဆိုင်ရာဌာနများကို စီမှန်ကွပ်ကဲသည်။ ၄င်းဌာနများမှာ ပုံနိုပ်ထုတ်ဝေမှုမီဒီယာကို ကြီးကြပ်သော အများပြည်သူဝန်ဆောင်မှု သတင်းစာ လုပ်ငန်း(PSNE)နှင့် ရုပ်မြင်သံကြားနှင့် ရေဒီယိုထုတ်လွင့်မှုကို ကြီးကြပ်သော အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွင့်လုပ်ငန်း(PSBE) တို့ဖြစ်သည်။ ယင်းဌာနတစ်ခုစီတွင် ကိုယ်ပိုင်ကြီးကြပ်ကွပ်ကဲသော အုပ်ချုပ်ရေးဘုတ်အဖွဲ့တစ်ခုစီ ရှိသည်။ အထက်ပါမီဒီယာကောင်စီသည် စီးမျဉ်းစည်းကမ်းများချမှတ်ခြင်း၊ ၎င်းစီးမျဉ်းစီးကမ်းများကို လိုက်နာမှုရှိမရှိ စစ်ဆေးခြင်းနှင့် အများပြည်သူရှေ့မှောက်တွင် တာဝန်ခံခြင်း များရှိရသည်။ ထိုကောင်စီ၏ အောက်တွင်ရှိသောဌာနများသည် သက်ဆိုင်ရာဌာန အသီးသီး၏ အတွင်းရေးရာပေါ်လစီများနှင့် လုပ်ငန်းဆောင်တာ လည်ပတ်မှုအတွက် တာဝန်ရှိသည်။

မီဒီယာဥပဒေကြမ်း ၏ အပြုသဘောဆောင်သည့် လက္ခဏာများ

လက်ရှိမီဒီယာဥပဒေကြမ်း တွင် အပြုသဘောဆောင်သော အချက်အချို့ရှိသည်။

  • ၎င်းသည် နိုင်ငံပိုင်အဖြစ်မှ ချုပ်ငြိမ်းစေပြီး အများပြည်သူဝန်ဆောင်မှုအဖြစ်ထုတ်လွင့်သူ ထွက်ပေါ် လာစေသည် သာမက ဗဟုသဘောဆောင်မှု၊ မတူကွဲပြားမှုများကို အားပေးရာရောက်သည်။
  • ၎င်းသည် အစိုးရနှင့် စီးပွားရှာသူများ၏ လွမ်းမိုးနှောင်ဖွဲ့မှုမှ ကင်းလွတ်နိုင်ရန် သက်ဆိုင်ဌာန အသီးသီးမှ လိုအပ်သော ကြီးကြပ်ကွပ်ကဲမည့်ဝန်ထမ်းများ ကို တိကျစွာ ခန့်အပ်ခြင်းဖြင့် မီဒီယာ၏ လွတ်လပ်နေမှုသည် အရေးကြီးကြောင်း အသိအမှတ်ပြုနေသည်။
  • ၄င်းသည် အများပြည်သူဝန်ဆောင်မှုမီဒီယာကဏ္ဍအတွက် လိုအပ်သောရံပုံငွေကို အစိုးရမှ၇၀%၊ ကြော်ငြာနှင့် အလှူရှင်များမှ၃၀% အချိုးကျ ရောစပ်ခြင်းဖြင့် ရရှိနိုင်သည်။
  • ၎င်းသည် အများပြည်သူဝန်သောင်မှုမီဒီယာအား လွတ်တော်နှင့် အများပြည်သူရှေ့မှောက်တွင် တာဝန်ခံမှု ရှိစေသည်သာမက၊ ယင်းတာဝန်ခံမှုအတွက် လိုအပ်သော စီးမျဉ်းစီးကမ်းများကို ပြည့်စုံစွာဖေါ်ပြစေရန် ညွန်ကြားထားသည်။

မီဒီယာဥပဒေကြမ်း၏ ပြဿနာများနှင့် အကြံပေးချက်များ

၁။ဥပဒေကြမ်းအရ သတင်းစာ ထုတ်ဝေမှုအတွက် လိုအပ်သော ရံပုံငွေကို အစိုးရမှ ရရှိနေခြင်း

လက်ရှိတင်သွင်းထားမီဒီယာဥပဒေကြမ်းအရ နိုင်ငံပိုင်သတင်းစာများကို  အများပြည်သူဝန်ဆောင်မှု သတင်းစာများအဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတို့ကို အများပြည်သူဝန်ဆောင်မှု သတင်းစာလုပ်ငန်း (PSNE) က ထိန်းချုပ်ကွပ်ကဲသည်။ သို့သော် အများပြည်သူဝန်ဆောင်မှု သတင်းစာ အတွက်၊ ပြည်သူ့ရံပုံငွေများကို အသုံးပြုခြင်းသည် လုံလောက်မှန်ကန်သော အကြောင်းပြချက် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်စွာ ထုတ်ဝေခွင့်ပေးခြင်းနှင့် လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသော လိုင်စင် လျှောက်ရန်လိုအပ်ခြင်းစနစ်မှ ကင်းလွတ်ခွင့်ပေးခြင်းဖြင့်သာ ဗဟုသဘောဆောင်သော အတွေးအမြင်များနှင့် သတင်းအချက်အလက်များကို တွင်တွင်ကျယ်ကျယ် ဖေါ်ပြနိုင်မည့် လုပ်ငန်းသည် ပိုမို အောင်မြင်နိုင်မည်ဖြစ်သည်။

အာတီကယ် ၁၉သည် နိုင်ငံပိုင်ပုံနိပ်ထုပ်ဝေခြင်းကို ပုဂ္ဂလိကပိုင် ပြုခြင်းနှင့် ထိုဥပဒေမူကြမ်းကို အများ ပြည်သူဝန်ဆောင်မှုမီဒီယာထုတ်လွင့်သူအဖြစ် အသွင်ပြောင်းဖွဲ့စည်းရန် အကြံပြုထားသည်။ ဤသို့ ပြောင်းလဲဖွဲ့စည်းပြီးပါက အထက်တွင် ဖေါ်ပြထားသော ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ဌာနနှစ်ခု မလိုအပ်တော့ ပဲ အများပြည်သူဝန်ဆောင်မှုမီဒီယာကောင်စီနှင့် အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွင့်လုပ်ငန်း (PSBE) ကို တစ်ခုတည်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖြစ်သည်။

ထို့ကြောင့် အောက်တွင် ဆက်လက်ဖေါ်ပြထားသော အကြောင်းအရာများသည် အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွင့်လုပ်ငန်း(PSBE) နှင့်သာသက်ဆိုင်သည်။ 

၂။ မီဒီယာဥပဒေကြမ်းသည် အများပြည်သူဝန်ဆောင်မှုမီဒီယာ ထုတ်လွင့်သူ၏ လွတ်လပ်စွာ ထုတ်လွင့်ခွင့ှ်ု ကိုအကာအကွယ်ပေးမှုတွင် အားနည်းနေသည်။

ယနေ့ထိတိုင်အောင် မြန်မာနိုင်ငံသည် မီဒီယာပေါင်းစုံကို မတူညီသော နည်းလမ်းပေါင်းစုံဖြင့် ထိန်းချုပ် ထားဆဲဖြစ်သည်။ အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံအဖြစ် အမှန်တစ်ကယ် ပြောင်းလဲလိုပါက ယင်းထိန်းချုပ်မှုများကို အဆုံးသတ်စေရမည် ဖြစ်သည်။ အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွင့် လုပ်ငန်းသည် အစိုးရနှင့် စီးပွားရှာလိုသူများ၏ လွမ်းမိုးနှောင်ဖွဲ့မှုမှ လုံးဝ ကင်းလွတ်နေရမည်။ ကနဦးတွင် လက်ရှိမီဒီယာမူကြမ်းတွင် အများပြည်သူဝန်ဆောင်မှုရေဒီယိုရှပ်သံလွင့်လုပ်ငန်း၏ အုပ်ချုပ်မှုအဖွဲ့သည် လွတ်လပ်မှုရှိကြောင်း ဆိုထားသော်လည်း လက်တွေ့တွင် လွတ်လပ်မှုကို အာမခံပေးထားသော အကာအကွယ်ပေးမှုစနစ် မရှိသည်ကို တွေ့ရှိရသည်။

  • အများပြည်သူဝန်ဆောင်မှု မီဒီယာကောင်စီ၏ ၀န်ထမ်းများသည် အများပြည်သူဝန်ဆောင်မှုရေဒီယို ရုပ်သံလွင့်လုပ်ငန်းကို ကြီးကြပ်ရန်နှင့် ယင်းသို့ကြီးကြပ်ရန် အုပ်ချုပ်မှုဘုတ်အဖွဲ့ကို နိုင်ငံရေးသမား များ (သမ္မတ၊ အမျိုးသားလွတ်တော်နှင့် ပြည်သူ့လွတ်တော် ဥက္ကဌများ) မှရွေးချယ်ခန့်အပ်ရန် ဖြစ်နေသည်။
  • မီဒီယာဥပဒေကြမ်းတွင် အများပြည်သူဝန်ဆောင်မှုရေဒီယိုရုပ်သံလွင့်လုပ်ငန်းအုပ်ချုပ်မှု ဘုတ်အဖွဲ့   အမှုဆောင်များ ခန့်အပ်ရန်အတွက် လိုအပ်သော အရည်အချင်း (သို့) ရွေးချယ်ခြင်း လုပ်ထုံးလုပ်နည်းများ ထည့်သွင်းထားမှု မရှိခြင်းကြောင့် နိုင်ငံရေးအရ ဘက်လိုက်မှု ရှိသော ခန့်အပ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများ ပေါ်ပေါက်စေနိုင်သည်။
  • မီဒီယာကောင်စီဝင် သုံးပုံနှစ်ပုံ သဘောသူညီမှု ရှိနေသ၍ အုပ်ချုပ်သူများကို အကြောင်းပြချက်မရှိပဲ (သို့) ပြန်လည်ထုချေခွင့် ပေးထားခြင်းမပြုပဲ အလုပ်ထုတ်ပယ်နိုင်သည် ဟူသော အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။
  • အုပ်ချုပ်သူများ၏ လစာငွေများကို သတ်မတ်ထားမှု မရှိသေးခြင်းသည် ငွေကြေး၏ လွမ်းမိုး နှောင်ဖွဲ့မှု ဖြစ်ပေါ်စေနိုင်ပါသည်။
  • အများပြည်သူ ၀န်ဆောင်မှုရေဒီယိုရုပ်သံလွင့်လုပ်ငန်း၏ လိုအပ်သော ရံပုံငွေကိစ္စများကို လွတ်လပ်စွာ ဆုံးဖြတ်သတ်မှတ်နိုင်ရန် လုပ်ထုံးလုပ်နည်းများ ကင်းမဲ့နေခြင်းသည် ဆုံးဖြတ်ချက် များချမှတ်ရာတွင် ရံပုံငွေခွဲဝေသုံးစွဲမှု ကိုအသုံးချခြင်းဖြင့် လွမ်းမိုးနှောင်ဖွဲ့မှုကို ဖြစ်ပေါ်စေနိုင် သည်။

အာတီကယ်၁၉သည် အများပြည်သူဝန်ဆောင်မှုရေဒီယိုရုပ်သံလွင့်လုပ်ငန်း၏ လွတ်လပ်ပြီး အနှောင်အဖွဲ့ ကင်းလွတ်နေစေမှုကို အကာအကွယ်ပေးရန် အောက်ပါအတိုင်း အကြံပြုသည်။

  • အများပြည်သူဝန်ဆောင်မှုမီဒီယာကောင်စီ၏ ၀န်ထမ်းများကို မီဒီယာရေးရာတွင် အထူးကျွမ်း ကျင်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ရွေးချယ်၍ လွတ်တော်မှ ခန့်အပ်ခြင်းပြုသင့်သည်။
  • ဥပဒေမူကြမ်းသည် ဤအများပြည်သူဝန်ဆောင်မှုရေဒီယိုရုပ်သံလွင့်လုပ်ငန်းအုပ်ချုပ်မှု ဘုတ်အဖွဲ့ ၀င်များကို ရွေးချယ်ခြင်းဆိုင်ရာ အရည်အချင်းများ သတ်မှတ်ရာတွင် နည်းလမ်းပေးထားခြင်း ပြုသင့်သည်သာမက၊ ထိုအဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသူများကိုလည်း မီဒီယာကဏ္ဍတွင် အထူးကျွမ်းကျင်သောအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ရွေးချယ်သောသူ များကိုသာ ခန့်အပ်သင့်ကြောင်း ဖေါ်ပြထားသင့်သည်။
  • ဘုတ်အဖွဲ့အား အုပ်ချုပ်သူများ၏ လစငွေများ (သို့) ၎င်းတို့နှင့်သက်ဆိုင်သော အခြားဥပဒေပြုမှုများကိုလည်း သတ်မှတ်ဖေါ်ပြထားသင့်သည်။
  • ဘုတ်အဖွဲ့ အုပ်ချုပ်သူများကို လိုအပ်ပါက အလုပ်မှထုတ်ပယ်ရာတွင်လည်း ရှင်းလင်း တိကျသော အရည်အချင်းများနှင့် အကြောင်းပြချက်များ ခိုင်လုံစွာ ဖေါ်ပြသင့်သည်။ ထိုကဲ့သို့ အလုပ်ထုတ်ပယ်ရာတွင်လည်း အများပြည်သူဝန်ဆောင်မှုမီဒီယာ အကျိုစီးပွား ဖေါ်ဆောင်ရန် လစ်ဟင်းမှု (သို့) အခြေခံ စီးမျဉ်းစီးကမ်းများကို လေးစားလိုက်နာရန် လစ်ဟင်းမှု စသည့် ခိုင်လုံတိကျမှုမရှိသော အကြောင်းပြချက်မျာကို ထိုဥပဒေကြမ်းမှ ဖယ်ရှားပြစ်ရမည်။ အလုပ်မှ ရပ်နားခြင်းခံရသူများကိုလည်း တရားရုံးတွင် ပြန်လည်ထုချေခွင့် ပေးသင့်သည်။
  • အများပြည်သူဝန်ဆောင်မှုရေဒီယိုရုပ်သံလွင့်လုပ်ငန်းအတွက် လိုအပ်သော ရံပုံငွေများကို ဥပဒေတွင် စည်းမျဉ်းဘောင်များချမှတ်၍ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသော အဖွဲ့အစည်းများမှ ဆုံးဖြတ် သတ်မှတ်သင့်သည်။ 

၃။ မီဒီယာဥပဒေကြမ်းသည် အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွင့်လုပ်ငန်းကို လုပ်ပိုင်ခွင့် အနည်းငယ်သာ ပေးထားသည်။

အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွင့်လုပ်ငန်းအတွက် လက်ရှိတင်သွင်းထားသော လုပ်ပိုင်ခွင့်တွင် ပြည်သူများ၏ လိုအပ်မှုနှင့် အမြင်သဘောထားများကို ဖေါ်ဆောင်ပေးရန် အရည်အသွေးကောင်းမွန်သော အစီအစဉ်များ ထုတ်လွင့်ရန် ပါရှိသော်လည်း ဘက်လိုက်မှုကင်းသော၊ လွတ်လပ်သောသတင်း အချက်အလက်များ ဖေါ်ပြရန် မပါရှိချေ။ အများပြည်သူဝန်ဆောင်မှု မီဒီယာအနေဖြင့် ဒီမိုကရေစီဆန်သော ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်ခြင်းနှင့် လူမှုရေးရာရောယှက်ပေါင်းသင်းခြင်းများကို ဖြစ်ပေါ်စေသော ဖိုရမ်အစည်းအဝေးများကို လုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု ဤဥပဒေကြမ်းတွင် ပြဌာန်းချက်များ မပါရှိပါ။

အာတီကယ် ၁၉ အနေဖြင့် ကနဦး  အကြံပြုလိုသည်မှာ အများပြည်သူဝန်ဆောင်မှုရေဒီယိုရုပ်သံလွင့် လုပ်ငန်းအား ဒီမိုကရေစီဆန်သောဆွေးနွေးမှုများ၊ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းသော သတင်း အချက်အလက်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်သင့်သည်။ ဤမူကြမ်းသည် အများပြည်သူ ၀န်ဆောင်မှုရေဒီယိုရုပ်သံလွင့်လုပ်ငန်းအား ဒီမိုကရေစီဆန်သောနည်းဖြင့် ဆွေးနွေးအဖြေရှာခြင်း၊ တစ်ဦးချင်းစီနှင့် လူမှုအုပ်စုများ၏ လူမှုရေးရာပူးပေါင်းပါဝင်မှု ဖြစ်ပေါ်လာစေရန်နှင့် လူမှုရေးရာ ရောယှက် ပေါင်းသင်းခြင်းများ ဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးသော ဖိုရမ် အစည်းအဝေးကဲ့သို့ လုပ်ဆောင်ရန် တိကျသော လုပ်ပိုင်ခွင့်ကို ဖေါ်ပြထားသင့်သည်။

၎။ ဥပဒေကြမ်းသည် အယ်ဒီတာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးမှု အားနည်းသည်။

ဥပဒေကြမ်းတွင် အယ်ဒီတာဆိုင်ရာ လွတ်လပ်ခွင့်ရှိကြောင်း ဖော်ပြထားသော်လည်း ၎င်းကို ထိရောက်စွာ ကာကွယ်ပေးမည့်အချက်ကို ဖော်ပြမထားပါ။ ဥပမာ ၀န်ထမ်းများသည် အဖွဲ့အစည်းပြင်ပမှ တစ်စုံတစ်ဦး၏ ညွှန်ကြားချက်ကို လက်မခံရဟု တားမြစ်ထားခြင်း မရှိသည့်အပြင် အယ်ဒီတာ လွတ်လပ်ခွင့်ကို မည်သည့်နေရာတွင် အသုံးပြုနိုင်ကြောင်း တိကျစွာ ဖော်ပြမထားပါ။ အယ်ဒီတာများနှင့် စာနယ်ဇင်းသမားများ၏ သတင်းအရင်းအမြစ်ကို ကာကွယ်ခွင့်နှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာလုပ်ငန်း လုပ်ဆောင်ရာတွင် တရားမ၀င်သော လုပ်ရပ်များကို ဖော်ထုတ်ရေးသားခြင်း( အတွင်းသတင်း ပေါက်ကြားစေသူအား အကာကွယ်ပေးခြင်း) စသည့်ကိစ္စရပ်များကို အကာအကွယ် ပေးမထားပါ။ ၀န်ထမ်းများ ငွေကြေးဖြင့် လွမ်းမိုးခြင်းခံရမှုမှ ရှောင်လွဲနိုင်ရန် လုံလောက်သည့် လစာ ရရှိသင့်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြမထားပါ။ အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများကို နှောက်ယှက်သူများအား ငွေကြေးဒဏ်ပေးနိုင်သည်ဟု မရှင်းမလင်း ပြဌာန်းချက် ပါရှိသည်။ သို့သော် နှောက်ယှက်မှုနှင့် ပတ်သက်၍တိုင်ကြားချက်များကို စုံစမ်းစစ်ဆေးကာ ပြစ်ဒဏ်ပေးနိုင်ခွင့် ရှိသည့် အဖွဲ့အစည်းကို ဖော်ပြမထားပါ။

အယ်ဒီတာ လွတ်လပ်ခွင့်ကို ကာကွယ်ရန် အာတီကယ် ၁၉ အနေဖြင့် အောက်ပါအချက်များကို အကြံပြုသည် --

  • အဖွဲ့ပြင်ပမှ မည်သူ၏ ညွှန်ကြားချက်ကိုမှ ၀န်ထမ်းများ လိုက်မနာရန် တားမြစ်ချက် ထားရှိ သင့်သည်။
  • အစီအစဉ် အချိန်ဇယား၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ အစီအစဉ်ထုတ်လွင့်ခြင်းနှင့် သဘောတရားပိုင်း၊ သတင်းနှင့် လက်ရှိ နိုင်ငံတကာရေးရာ အဖြစ်အပျက်များကို တင်ပြခြင်းနှင့် တည်းဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်များအပါအ၀င် အယ်ဒီတာလွတ်လပ်ခွင့်ကို အာမခံချက်ပေးသည့် မှုကို ဥပဒေဖြင့် ပြဌာန်းထားသင့်သည်။
  • အများပြည်သူဝန်ဆောင်မှုမီဒီယာအတွက် အလုပ်လုပ်နေသော စာနယ်ဇင်းသမားများကို ၎င်းတို့၏ သတင်းရင်းမြစ်ကို ကာကွယ်ခွင့်ပေးသင့်ပြီး၊ အများပြည်သူဝန်ဆောင်မှုမီဒီယာလုပ်ငန်းတွင် တရားမ၀င်သောနည်းဖြင့် လုပ်ဆောင်သော လုပ်ရပ်များအား ထုတ်ဖော်တင်ပြချက်ကို အကာအကွယ်ပေးသင့်သည်။
  • စာနယ်ဇင်းသမားများနှင့် အယ်ဒီတာများသည် လုံလောက်သော လစာ ခံစားပိုင်ခွင့် ရှိသင့်သည်။
  • အယ်ဒီတာ လွတ်လပ်ခွင့်အား ၀င်ရာက်စွပ်ဖက်မှု တိုင်တန်းချက်များကို စံစမ်းနိုင်ခွင့်အာဏာ ရှိသည့် အဖွဲ့ကို ပြစ်ဒဏ်ပေးခွင့်အာဏာလည်း ပေးအပ်ထားသင့်သည်။

၅။ ဥပဒေကြမ်းတွင် ဗဟုဝါဒနှင့် လူနည်းစုတိုင်းရင်းသားများကိစ ထင်ဟပ်မှုမရှိခြင်း

မြန်မာပြည်တွင်းရှိ  လူနည်းစုတိုင်းရင်းသားများ၊ အုပ်စုများနှင့် ဒေသများအကြောင်းကို အများပြည်သူ ၀န်ဆောင်မှု ရေဒီယိုရုပ်သံလုပ်ငန်း၏ အစီအစဉ်မှတစ်ဆင့် ထင်ဟပ်ဖော်ပြနိုင်ရန် အရေးကြီးသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်  မတူကွဲပြားသော အုပ်စုများ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် လူမှုရေး သဟဇာတဖြစ်မှုကို အားပေးကူညီရာရောက်ပြီး၊ မတူကွဲပြားသောအဖွဲ့များကြား ၎င်းတို့၏ အမြင်များ၊ လူမှုစံတန်ဖိုးနှင့် သဘောတရားများကို ထုတ်ဖော်နိုင်ခွင့် ရှိလာမည်ဖြစ်သည်။ သူတို့ကြားတွင်  တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းနှင့် သိနားလည်မှု တိုးမြင့် ရရှိလာမည်ဖြစ်သည်။

ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် လူမျိုးအရ ကွဲပြားမှုကြောင့် ကာလရှည်ကြာစွာ ပဋ္ဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် အထက်ပါကဲ့သို့သော ကိစ္စကို လုပ်ဆောင်ရန် အလွန်အရေးကြီးသည်။ တင်သွင်းထားသော ဥပဒေကြမ်းတွင် လူနည်းစုနှင့် တိုင်းရင်းသား လူမျိုးစုများ၏ ဘာသာစကားဖြင့် အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလွင့်အစီအစဉ်များ ထည့်သွင်းသင့်ကြောင်း ဆိုထားသော်လည်း ထိုအစီအစဉ်များကို မဖြစ်မနေလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကို တိကျစွာ ဖော်ပြမထားပါ။ ထို့အတွက်ကြောင့် မည်သည့် လူမျိုးစုအတွက် အစီအစဉ်မည်မျှထုတ်လွင့်ရန် ဆုံးဖြတ်ခွင့် အာဏာသည် ဌာနဆိုင်ရာ အုပ်ချုပ်သူများနှင့် မန်နေဂျာများ ထံတွင် ရှိနေသည်။ တိကျစွာ လိုက်နာရမည့် စည်းကမ်းပြဌာန်းထားခြင်း မရှိသောကြောင့် ခွဲခြားဆက်ဆံမှုနှင့် လူမျိုးစုအချို့အတွက်သာ အကန့်အသတ်ဖြင့် အစီအစဉ်ထုတ်လွင့်ခွင့် ပေးခြင်းဖြစ်ပေါ်လာနိုင်ပြီး၊ လူမျိုးစု အခြင်းခြင်းကြား မယုံကြည်မှုနှင့် သဘောထားကွဲလွဲမှုများ ပိုမိုကြီးထွားလာစေနိုင်သည်။

အာတီကယ် ၁၉ အကြံပြုလိုသည်မှာ ခွဲခြားဆက်ဆံမှု မရှိဘဲ လူမျိုးစုအလိုက် အစီအစဉ်များကို မျှမျှတတ ထုတ်လွင့်ရန် ဤဥပဒေတွင် ပြဌာန်းထားသင့်သည်။ ဥပမာ အဓိက လူမျိုးစုများအတွက် ရေဒီယိရုပ်သံအစီအစဉ်များကို လုပ်ဆောင်ပေးသင့်သည်။

၆။ ဥပဒေကြမ်းတွင် ဒေသဆိုင်ရာ အသံလွင့်ဌာနများထားရှိခွင့် မပါဝင်

အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလုပ်ငန်း၏ ဖွဲ့စည်းပုံသည် ဗဟိုဦးစည်းချုပ်ကိုင်မှုများလွန်း သောကြောင့် မြန်မာနိုင်ငံ၏ အရွယ်အစားနှင့် မတူကွဲပြားမှုကို သင့်လျော်စွာ ထင်ဟပ်ခြင်းမရှိပါ။ မြန်မာနိုင်ငံကဲ့သို့သော အရွယ်အစားရှိသည့် အခြားနိုင်ငံများတွင် ဒေသအလိုက် အချက်အချာ ကြသောဒေသများ၏ အစီအစဉ် ထုတ်လွင့်ချက်များကို နိုင်ငံအဆင့်တွင်ထည့်သွင်းခြင်းဖြင့် ဗဟုအတွေးအမြင်နှင့် လူမျိုးစုံပါဝင်မှုကို ထင်ဟပ်စေသည့် အများပြည်သူဝန်ဆောင်မှုရေဒီယိုရုပ်သံ လုပ်ငန်းကို အကောင်အထည်ဖော် လုပ်ဆောင်ကြသည်။ ထို့အပြင် ဒေသန္ဒရအဆင့်တွင် ထိုဒေသရှိ လူထုအတွက် ၎င်းတို့၏ ဘာသာစကားဖြင့် အစီအစဉ်များကို ထုတ်လွင့်ပေးသည်။

အာတီကယ် ၁၉ အကြံပြုလိုသည်မှာ ဒေသအလိုက် မတူကွဲပြားမှုကို ထင်ဟပ်သည့် အစီအစဉ်များ ထုတ်လုပ်နိုင်ရန်အတွက် ဒေသဆိုင်ရာ  အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံ ထုတ်လွင့်မှု အချက်အချာကွန်ယက် တည်ဆောက်၍ လုပ်ဆောင်ရန် ဥပဒေကြမ်းတွင် ဖော်ပြထားသင့်သည်။

၇။ ဥပဒေကြမ်းသည် အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလုပ်ငန်း၏ အုပ်ချုပ်ရေးပိုင်းတွင် လူထုပါဝင်နိုင်မှုအတွက် လုံလောက်သည့် အာမာခံချက် ပေးမထားပါ။

တင်သွင်းထားသော ဥပဒေကြမ်းအရ အများပြည်သူဝန်ဆောင်မှုသတင်းစာနှင့် ရေဒီယိုရုပ်သံလုပ်ငန်း၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို လူထုအခြေပြုအဖွဲ့အစည်းများက ရွှေးချယ်တင်မြှောက်နိုင်သည်ဟု ဆိုထားသော်လည်း ၎င်းတို့၏ ရွှေးချယ်ထားမှုသည် ဥပဒေအရ စည်းနှောင်အားမရှိသောကြောင့် ရွှေးချယ်ခံထားရသော ကိုယ်စားလှယ်များကို တာဝန်ခန့်အပ်ခြင်းမရှိပဲ ချန်လှပ်ထားခြင်း ခံရနိုင်သည်။ ထို့အပြင် ဥပဒေကြမ်းက လွတ်လပ်သော အစီအစဉ်ထုတ်လုပ်မှုတွင် လူထုပါဝင်နိုင်ခွင့် (သို့မဟုတ်) အုပ်ချုပ်ရေးပိုင်းနှင့် အစီအစဉ်ရေးဆွဲမှုအပိုင်းတွင် လူထုပါဝင်နိုင်မှု အာမခံချက်ပေးမထားပါ။ ထို့အတွက်ကြောင့် အများပြည်သူဝန်ဆောင်မှုမီဒီယာသည် လူထုထောက်ခံမှုမရရှိသည့် မီဒီယာဖြစ်လာမည့် အန္တရာယ်ရှိသည်။

အာတီကယ် ၁၉ အကြံပြုလိုသည်မှာ လူထုအကြံပြုအဖွဲ့ထားရှိ၍ မတူကွဲပြားမှုရှိသော လူထုကို ကိုယ်စားပြုနိုင်ရန်နှင့် အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံလုပ်ငန်း၏ အစီအစဉ်နှင့် မှုဝါဒပိုင်း ရေးဆွဲရာတွင် လူထု၏ သဘောထားနှင့် လိုလားချက်များကို ထင်ဟပ်မှုရှိစေရန်  ဤဥပဒေကြမ်းတွင် ဖော်ပြထားသင့်သည်။ အစီအစဉ်များကို လွတ်လပ်စွာထုတ်လုပ်နိုင်ရန်ကိုလည်း ဤဥပဒေကြမ်းတွင် ဖော်ပြထားသင့်သည်။

၈။ ဥပဒေကြမ်းတွင် စီးပွားဖြစ်မဟုတ်သော မီဒီယာများနှင့် စပ်လျဉ်းသည့် စည်းမျဉ်းများ ချမှတ်ထားသည်။

ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ အန်ဂျီအိုများနှင့် လူထုအခြေပြုအဖွဲ့အစည်းများလုပ်ဆောင်နေသော စီးပွားဖြစ်မဟုတ်သည့် လူထုအခြေပြုမီဒီယာများလိုက်နာရန် စည်းမျဉ်းများကို ဤဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။ ဒေသန္ဒရအဆင့်လူထုကြားတွင် မတူကွဲပြားသောအမြင်၊ သတင်းအချက်အလက် များ ရောက်ရှိနိုင်စေရန်အတွက် ပုဂ္ဂလိကနှင့် အများပိုင်မဟုတ်သည့် မီဒီယာများကို အားပေးသင့်သည်။ သို့သော်လည်း ထိုကဲ့သို့သော မီဒီယာများသည် အခြားသော မီဒီယာလုပ်ငန်းများနှင့် သဘာဝအရ ကွဲပြားမှုရှိသောကြောင့် သူတို့အတွက် အသေးစိတ်ဖော်ပြထားသည့် သီးသန့်ဥပဒေလိုအပ်သည်။

အာတီကယ် ၁၉ အကြံပြုလိုသည်မှာ ဤဥပဒေကြမ်းတွင် စီးပွားဖြစ်မဟုတ်သော သို့မဟုတ် လူထုမီဒီယာဆိုင်ရာကိစ္စများကို မထည့်သွင်းဘဲ၊ ၎င်းတို့အတွက် သီးသန့် ဥပဒေ တစ်ခုပြဌာန်းသင့်သည်။

၁။ ဥပမာ ယူကရိန်းနိုင်ငံ၏ အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံဥပဒေဆိုင်ရာ သဘောတူညီချက် MEMORANDUM ( ၂၀၀၅ လန်ဒန်) ကို ကြည့်ပါ၊ http://www.article19.org/data/files/pdfs/analysis/ukraine.psb.05.

၂။  အများပြည်သူဝန်ဆောင်မှု ရေဒီယိုရုပ်သံ စံပြ ဥပဒေ (၂၀၀၅၊ လန်ဒန်) ဤနေရာတွင် ရရှိနိုင်သည် http://www.article19.org/data/files/pdfs/analysis/ukraine.psb.05

၃။ အနာဂါတ်လား သို့မဟုတ် အဆုံးသတ်ခြင်းလား။      ။ဥရောပရှိ အများပြည်သူဝန်ဆောင်မှုမီဒီယာ လမ်းညွှန် (၂၀၁၁) http://www.article19.org/data/files/medialibrary/2760/11-10-06-europe-media-regulation.pdf

 

Downloads